ဓမ္မစေတီဆရာတော် တရားမဟောတော့ဟုဆို

ရေးသားတင်ပြပေးသောသူ= ဓမ္မစေတီ

ရန်ကုန်၊ ဇွန် ၅
      ထေရ၀ါဒဗုဒ္ဓသာသနာပြု ဓမ္မစေတီကျောင်းတိုက် ဆရာတော် ဦးကောသလ္လသည် ထေရ၀ါဒဗုဒ္ဓဆိုင်ရာ တရားပွဲများဖြင့် အထူးကျော်ကြားခဲ့ပြီး ယခုတရားပွဲများ ဆက်လက်ဟောကြားတော့မည်မဟုတ်ဘဲ ပညာရေးဆိုင်ရာများသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ဇွန်လ ၄ ရက်တွင် ဓမ္မစေတီဆရာတော် ဦးကောသလ္လက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဆရာတော်အား နိုင်ငံတော်မှ ဥပဒေအရတရားပွဲ ပိတ်ထားခြင်းမရှိကြောင်း၊ မကျေနပ်သည့် ဘုန်းတော်ကြီးများက တရားပွဲပိတ်ထားကြောင်း စသည့်အသံများ လွှင့်ခြင်းသာဖြစ်ကြောင်း၊ တရားပွဲ မပိတ်သော်လည်း တရားဟောကြားပေးရန် ဒကာဒကာမများက ဖိတ်ကြားခဲ့ရာ တရားဟောမည့်အချိန်နီးလျှင် တရားပွဲများ အကြောင်းအမျိုးမျိုးဖြင့် ပိတ်ပင်တားဆီးမှုရှိခဲ့ကြောင်း၊ လူမျိုးရေး၊ နိုင်ငံရေး၊ ဘာသာရေး အဓိကရုဏ်းများ မဖြစ်စေရန် ပညာရေးမဏ္ဍိုင်အား ပြင်ဆင်ရမည်ဖြစ်ကြောင်း ဆရာတော်က ရှင်းလင်းပြောကြားခဲ့သည်။

““ဘုန်းကြီးကို မိုးပြာဂိုဏ်း ထောင်တယ်ဆိုပြီး စွပ်စွဲတာလည်း ကြုံရတယ်။ ဘုန်းကြီးတရားဆက်ဟောရင် မှားတယ်၊ မှန်တယ်ဖြစ်နေတော့ တရားမဟောတော့ဘူး။ အခု ကလေးတွေအတွက် ပညာ ရေးဘက်လှည့် လိုက်တယ်။ တချို့ဆို ဓမ္မစေတီဆရာတော်က ပြောတယ် ဘုရားက လက်တော့ပ်လောက် မမှန်ဘူးဆိုပြီး ပြောတာတွေရှိတယ်။ အဲဒါက ဘုန်းဘုန်းက ပိဋကတ်သုံးပုံကို လက်တော့ပ်ထဲ ထည့်ထားတာ အပြည့်အစုံဟော လို့ရတယ်လို့ ပြောတာပါ။ တရားပွဲ ပိတ်ထားတာမရှိဘူး။ တချို့ နေရာတွေမှာ ဘုန်းတော်ကြီးတွေက သူတို့မကျေနပ်လို့ ပိတ်တယ်။ အဲဒါဆို ဘုန်းဘုန်းလည်း မသွားပါဘူး။ ပဲခူးတိုင်းမှာတုန်းကလည်း တရားဟောလို့ ရတယ်။ ဖိတ်စာတွေဘာတွေရိုက်ပြီး ဒီနေ့တရားပွဲကို လာမယ့်အချိန်မှ သံဃာအပါး ၂၀၊ ကျောင်းတိုက် ၂၀ က လက်မှတ်ထိုးပြီး ကန့်ကွက်တယ်ဆိုပြီးဖြစ်လို့ ဘုန်းဘုန်းတရားမဟောတော့ဘူး””ဟု တရားပွဲများ ဆက်လက် ဟောကြားခြင်းမပြုသည့် ကိစ္စများနှင့် စပ်လျဉ်း၍ ဆရာတော်က ရှင်းလင်းပြောကြား သည်။

ဓမ္မစေတီဆရာတော်သည် တရားဟောကြားခြင်းမပြုတော့ဘဲ အရှေ့တောင်အာရှနိုင်ငံတချို့နှင့် ဥရောပနိုင်ငံတချို့ကို သွားရောက်ကာ ထေရ၀ါဒဗုဒ္ဓသာသနာပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဇွန်လကုန်ပိုင်းမှစ၍ ၀ါတွင်းသုံးလပတ်လုံး အမေရိကန်နိုင်ငံတွင် သီတင်းသုံးမည်ဖြစ်သည်။

ဓမ္မစေတီဆရာတော် ဘဒ္ဒန္တကောသလ္လ၏ MP3 တရားတော်များ(SING UP လုပ်မှ ဒေါင်းလော့ ရသည်)
ကြောက်ရွံ့ခြင်း ကင်းသည်ဆိုရာဝယ်(၁)(သန်လျင်မြို့၊ သာသနာ့ဗိမာန်၊ 27.1.2014) သားကိုးယောက် မိခင်(26.1.2014) ကြောက်ရွံ့ခြင်း ကင်းသည်ဆိုရာဝယ်(ဆိပ်ကြီးခနောင်ဒိုမြို့နယ်၊ ပန်းပင်ချောင်ရပ်ကွက်၊ 25.1.2014) ဆင်းရဲခြင်း လွတ်ကင်းအောင်(24.1.2014) အတွေ့ဦးပေမယ့် အသိမထူးခဲ့သူ(23.1.2014) ပုလဲရတနာပမာ မြတ်သံဃာ(22.1.2014) ဘ၀ဟောင်းကို ပြန်ပြောင်းလို့ မကြည့်ချင်(21.1.2014) မြတ်သောအမွေ ရခဲ့ပေပြီ(20.1.2014) သီလဟူသည်(19.1.2014) ကပ်ကြီးသုံးပါး ကုသိုလ်ပြုရခြင်း အကြောင်းတရား စူဠဝေဒလ္လသုတ်(၁) စူဠဝေဒလ္လသုတ်(၂) စူဠဝေဒလ္လသုတ်(၃) စူဠဝေဒလ္လသုတ်(၄) ဆွမ်းအနုမောဒနာ တရားနာတတ်ရအောင် ဓမ္မတာအမွေတောင်းပေမယ့် ရတနာအမွေ ပြောင်းပေးခဲ့သည် ပဋ္ဌာန်းတရားတော် ပဋိသမ္ဘိဒါသင်တန်း(၁) ပဋိသမ္ဘိဒါသင်တန်း(၂) ပဋိသမ္ဘိဒါသင်တန်း(၃) ပဗ္ဗဇိတဘာဝ ဒုလ္လဘ ပရိတ်တရားတော် ဗုဒ္ဓရှင်မြတ် ချီးမွမ်းအပ်သည့် ဆွမ်းနှစ်နပ်(၁) ဗုဒ္ဓရှင်မြတ် ချီးမွမ်းအပ်သည့် ဆွမ်းနှစ်နပ်(၂) မခမ်းနားပေမယ့် ဆန်းပြားတဲ့ ထေရီမ မဟာသမယသုတ္တန် မာရ်နတ်လည်ပင်းကို ဘယ်သူ ခွေးသေကောင်ပုပ်ဆွဲသလဲ မိထွေးတော် ဂေါတမီ ပရိနိဗ္ဗာန်ဝင်စံခန်း မြတ်စွာဘုရား ပြည်တော်ဝင်ခန်း မြန်မာထေရ၀ါဒ သမိုင်း ရှင်ပြုခြင်းဆိုင်ရာ နိဒါန်း ရှင်ပြုခြင်းဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် ရှင်ပြုအလှူတော် သရဏဂုံတရားတော် သုတ များစေ၊ တရား နာစေ(28.10.2013) အကျိုးကြီးလှ မြတ်ဒါန အဖော်မဲ့ ဟင်္သာ(၁) အဖော်မဲ့ ဟင်္သာ(၂) ဝေဒနာကို ခွါသည်ဆိုရာဝယ် ဝေသာလီ လှဧကရီ အမ္ဗပါလီ၏ ဘ၀ဆည်းဆာ ထေရ၀ါဒနှင့် ယနေ့ သိပ္ပံကမ္ဘာ ထေရ၀ါဒနှင့် မြန်မာပြည် ယနေ့ ထေရ၀ါဒ ထေရ၀ါဒမိတ်ဆက်နိဒါန်း(၁) ထေရ၀ါဒမိတ်ဆက်နိဒါန်း(၂) နောက်ဆုံး ၀န္ဒနာပါဘုရား(၁) နာက်ဆုံး ၀န္ဒနာပါဘုရား(၂) ရေစက်ချ အမျှဝေရခြင်း အကြောင်း ရွှေနန်းစံသို့ တရားတော်