ဒီနေ့ ပဲ ကျွန်တော် ဆရာတော်ရဲ့တရားကို ဒေါင်းလုပ်ချ ပြီး နာမိပါတယ်။ နေ့ခင်းဘက် ကျောင်းမသွားမီ နာရင်းနဲ့ ကျောင်းတောင် ပြန်သွားချင်စိတ်မရှိတော့ဘဲ ဆက်နာချင်လာတယ်။ ဒါပေမယ့် မဖြစ်မနေ ကျောင်းသွားရတာမို့ တစ်ပိုင်းနာ ပြီး ကျောင်းသွားခဲ့တယ်။ ကျောင်းက ပြန်လာမှ အပြီးထိအောင် နာဖြစ်ခဲ့တယ်။ ကျွန်တော် တရားတွေ တော်တော်ကို နာဖူးပါတယ်။ မိုးကုတ်ဆရာတော်တရား၊ အရှင်ဥာဏိဿရတရား၊ အရှင်ကောဝိဒတရား၊ အရှင်ဆန္ဒာဓိကတရား၊ အရှင်ဆေကိန္ဒတရား စသဖြင့်ပေါ့လေ  နာဖူးပါတယ်။ တရားတွေနာပြီးကျွန်တော်လည်း မမှတ်ထားတော့ ဘာမှာရေရေရာရာ မမှတ်မိဘူးပေါ့။ အခုတော့ အရှင် ကောသလ္လရဲ့ တရားနာပြီး မှတ်မိသမျှ ပြန်ရေးချင်လာတာနဲ့ ရေးဖြစ်ခဲ့ပါတယ်။ သေချာနာပြီး ချမှတ် ရေးထားတာပါ။ အမှားအယွင်းမပါအောင်ရေးထားပါတယ်။
ဆရာတော်တရားက ၂၀၀၇ခုနှစ်တုန်းက လပွတ္တာမြို့မှာဟောထားတဲ့တရားပါ။
ပထမဆုံး ဆရာတော်သင်ပေးလိုက်တဲ့ ရတနာသုံးပါး ကန်တော့ ပုံလေးက ဒီလိုပါ…
ဗုဒ္ဓံ – မြတ်စွာဘုရားကို
သရဏံ – ကိုးကွယ်ရာအစစ်ဟူ၍
သရဏံ – ကိလေသာဘေး
စိတ်ဆင်းရဲခြင်းဘေး
ကိုယ်ဆင်းရဲခြင်းဘေး
အပယ်ဘေးတို့မှ ကာကွယ် စောက်ရှောက် တားဆီး တတ်၏ဟူ၍
ဂစ္ဆာမိ – ကိုးကွယ် ဆည်းကပ် သိမှတ်ပါ၏။
ဓမ္မံ – တရားတော်မြတ်ကို
သရဏံ – ကိုးကွယ်ရာအစစ်ဟူ၍
သရဏံ – ကိလေသာဘေး
စိတ်ဆင်းရဲခြင်းဘေး
ကိုယ်ဆင်းရဲခြင်းဘေး
အပယ်ဘေးတို့မှ ကာကွယ် စောက်ရှောက် တားဆီး တတ်၏ဟူ၍
ဂစ္ဆာမိ – ကိုးကွယ် ဆည်းကပ် သိမှတ်ပါ၏။
သံဃံ – သံဃာတော်မြတ်ကို
သရဏံ – ကိုးကွယ်ရာအစစ်ဟူ၍
သရဏံ – ကိလေသာဘေး
စိတ်ဆင်းရဲခြင်းဘေး
ကိုယ်ဆင်းရဲခြင်းဘေး
အပယ်ဘေးတို့မှ ကာကွယ် စောက်ရှောက် တားဆီး တတ်၏ဟူ၍
ဂစ္ဆာမိ – ကိုးကွယ် ဆည်းကပ် သိမှတ်ပါ၏။
ဒီစာသားလေးက ရတနာသုံးပါးကို ကြည်ညိုကန်တော့ရမယ့် မြန်မာပြန်စာသားလေးပါ။
ဘုရားရှိခိုးတိုင်းမှာ ဒီလိုလေး ဆိုပြီး အာရုံပြုလိုက်ရင် ရင်ထဲမှာ လုံခြုံသွားသလို ယုံကြည်မှုရသွားသလို ခံစားမိမှာ သေချာပါတယ်။
ဘုရား၊ တရား၊ သံဃာ သည် ရတနာသုံးပါး ဆိုတာတော့ အားလုံးသိတဲ့အတိုင်းပါပဲ။ ဘယ်လိုရတနာမျိုးနဲ့ သဘောထားရမလဲဆိုတာလေး ကို ဆရာတော်က အခုလို ပြောထားပါတယ်….
ဗုဒ္ဓ သည် ပတ္တမြားနဲ့ တူသည်
ဓမ္မ သည် စိန်နဲ့ တူသည်
သံဃာ သည် ပုလဲနဲ့ တူသည်
ဒါကြောင့်
ဘုရားကို ရှိခိုး ရင် ဘုန်းကံကြီးမားမည်။
တရားတွေ ရှိနေရင် ဂုဏ်တက်မည်။
သံဃာ ကို ရှိခိုးရင် ကျက်သရေ တက်မည်။
နောက်တခု မှတ်သားစရာက..
စိန်သည် ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ကင်းစင်သည်။ သူ သည် hardness power အမြင့်မားဆုံးရှိသည်။ သူ့ ကို ရွံ့ထဲမှာပဲနှစ်ထားထား သူရဲ့ ဓာတုဗေဒ ဂုဏ်သတ္တိသည် ပြောင်းလဲခြင်းမရှိပေ။
ထိုကဲ့သို့ပဲ နိဗ္ဗာန်၊ တရားတို့သည် ကိလေသာ ကင်းစင်ပြီး ပြောင်းလဲခြင်းမရှိပေ။ သူဋ္ဌေးရတဲ့နိဗ္ဗာန်ဖြစ်ဖြစ် ဆင်းရဲသားရတဲ့ နိဗ္ဗာန်ဖြစ်ဖြစ် သူတောင်းစားရတဲ့နိဗ္ဗာန်ဖြစ်ဖြစ် အားလုံးဟာ အတူတူပါပဲ။
ထိုကြောင့် ဓမ္မကို စိန်နဲ့နှိုင်းယှဉ်ထားခြင်းကြောင့် ကျွန်တော်တို့ စေတီများတွင် စိန်ဖူးတော်ကို အထွတ်အမြတ်အဖြစ် ထားရှိခြင်းဖြစ်ပါသည်။
ဆက်ရေးပါဦးမည်….

ဓမ္မစေတီဆရာတော် ဘဒ္ဒန္တကောသလ္လ၏ MP3 တရားတော်များ(SING UP လုပ်မှ ဒေါင်းလော့ ရသည်)
ကြောက်ရွံ့ခြင်း ကင်းသည်ဆိုရာဝယ်(၁)(သန်လျင်မြို့၊ သာသနာ့ဗိမာန်၊ 27.1.2014) သားကိုးယောက် မိခင်(26.1.2014) ကြောက်ရွံ့ခြင်း ကင်းသည်ဆိုရာဝယ်(ဆိပ်ကြီးခနောင်ဒိုမြို့နယ်၊ ပန်းပင်ချောင်ရပ်ကွက်၊ 25.1.2014) ဆင်းရဲခြင်း လွတ်ကင်းအောင်(24.1.2014) အတွေ့ဦးပေမယ့် အသိမထူးခဲ့သူ(23.1.2014) ပုလဲရတနာပမာ မြတ်သံဃာ(22.1.2014) ဘ၀ဟောင်းကို ပြန်ပြောင်းလို့ မကြည့်ချင်(21.1.2014) မြတ်သောအမွေ ရခဲ့ပေပြီ(20.1.2014) သီလဟူသည်(19.1.2014) ကပ်ကြီးသုံးပါး ကုသိုလ်ပြုရခြင်း အကြောင်းတရား စူဠဝေဒလ္လသုတ်(၁) စူဠဝေဒလ္လသုတ်(၂) စူဠဝေဒလ္လသုတ်(၃) စူဠဝေဒလ္လသုတ်(၄) ဆွမ်းအနုမောဒနာ တရားနာတတ်ရအောင် ဓမ္မတာအမွေတောင်းပေမယ့် ရတနာအမွေ ပြောင်းပေးခဲ့သည် ပဋ္ဌာန်းတရားတော် ပဋိသမ္ဘိဒါသင်တန်း(၁) ပဋိသမ္ဘိဒါသင်တန်း(၂) ပဋိသမ္ဘိဒါသင်တန်း(၃) ပဗ္ဗဇိတဘာဝ ဒုလ္လဘ ပရိတ်တရားတော် ဗုဒ္ဓရှင်မြတ် ချီးမွမ်းအပ်သည့် ဆွမ်းနှစ်နပ်(၁) ဗုဒ္ဓရှင်မြတ် ချီးမွမ်းအပ်သည့် ဆွမ်းနှစ်နပ်(၂) မခမ်းနားပေမယ့် ဆန်းပြားတဲ့ ထေရီမ မဟာသမယသုတ္တန် မာရ်နတ်လည်ပင်းကို ဘယ်သူ ခွေးသေကောင်ပုပ်ဆွဲသလဲ မိထွေးတော် ဂေါတမီ ပရိနိဗ္ဗာန်ဝင်စံခန်း မြတ်စွာဘုရား ပြည်တော်ဝင်ခန်း မြန်မာထေရ၀ါဒ သမိုင်း ရှင်ပြုခြင်းဆိုင်ရာ နိဒါန်း ရှင်ပြုခြင်းဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် ရှင်ပြုအလှူတော် သရဏဂုံတရားတော် သုတ များစေ၊ တရား နာစေ(28.10.2013) အကျိုးကြီးလှ မြတ်ဒါန အဖော်မဲ့ ဟင်္သာ(၁) အဖော်မဲ့ ဟင်္သာ(၂) ဝေဒနာကို ခွါသည်ဆိုရာဝယ် ဝေသာလီ လှဧကရီ အမ္ဗပါလီ၏ ဘ၀ဆည်းဆာ ထေရ၀ါဒနှင့် ယနေ့ သိပ္ပံကမ္ဘာ ထေရ၀ါဒနှင့် မြန်မာပြည် ယနေ့ ထေရ၀ါဒ ထေရ၀ါဒမိတ်ဆက်နိဒါန်း(၁) ထေရ၀ါဒမိတ်ဆက်နိဒါန်း(၂) နောက်ဆုံး ၀န္ဒနာပါဘုရား(၁) နာက်ဆုံး ၀န္ဒနာပါဘုရား(၂) ရေစက်ချ အမျှဝေရခြင်း အကြောင်း ရွှေနန်းစံသို့ တရားတော်