ရန်ကုန်၊ ဇွန်(၂၂)
ဓမ္မစေတီဆရာတော ဦးကောသလ္လသည် တရားပွဲများ ဆက်လက်ဟောကြားတော့မည် မဟုတ်ဘဲ ပညာရေးဆိုင်ရာများသာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာသံတော်ဆင့်ဂျာနယ်တွင် ဖောပြထားခြင်းနှင့်
နားလည်မှုလွဲ၍ ရေးသားထားသည့် သတင်းမှားတစ်ပုဒ်ဖြစ်ကြောင်း ဆရာတော်ဦးကောလ္လ၏ ဒါယိကာမတစ်ဦးဖြစ်သူ ဒေါ်ခင်မာလွင်က မော်နီတာဂျာနယ်သို့ ဆက်သွယ်ပြောဆိုခဲ့သည်။
''ဆရာတော် တရားမဟောတော့ဘဲ ပညာရေးဆိုင်ရာသာ ဆောင်ရွက်သွားမယ်ဆိုတာ မဟုတ်ပါဘူး။ ဂျာနယ်မှာ ရေးလိုက်သလို ဆက်လက်၍ တရားမဟောတော့ပါ ဆိုတဲ့ ဆုံဖြတ်ချက်ချပြီး ပြောလိုက်တဲ့ ပုံစံမျိုး မဟုတ်ပါဘူး။ ပြောဖြစ်တာက ဒီအကြောင်းလည်း မဟုတ်ပါဘူး။ အခြား လူမှုရေး၊ သဘာဝပတ်ဝန်ကျင်၊ ဥရောပက ပြန်လာခါစဆိုတော့ ဥရောပအတွေ့အကြုံတွေ ပြောဖြစ်တာပါ။ ဘုန်းကြီး ပြောချင်တာက တရားပွဲကိစ္စ ပြောချင်တာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ လိုအပ်ချက်လေးတွေ၊ ဖြစ်သင့်တာလေးတွေကို ပြောချင်တာ။ သူတို့ သတင်းစာမှာ ပါတဲ့အတွင်းစာသားတွေကတော့ အမှားတွေ မဟုတ်ပါဘူး။ သတင်းခေါင်းစဉ်လေး တပ်တာပဲ နဲနဲ လိုသွားတာပါ။ သူတို့ စာသားတွေထဲမှာ ကောင်းတာတွေလည်း ပါပါတယ်။ ဘုန်းကြီး ပြောလိုတာက တရားဟောနေတာမှ ပြဿနာပေါင်းစုံ၊ အတိုက်အခိုက်ပေါင်းစုံ ကြုံနေရသေးတယ်။ တရားမဟောဘဲ ကလေးတွေအတွက် အင်္ဂလိပ်စာ၊ ကွန်ပျူတာစတဲ့ ပညာရပ်လေးတွေ သင်ရင်တောင် ပြဿနာတက်မှာ မဟုတ်ဘူး။ အဲ့ဒီလို လုပ်ဖို့ စိတ်ကူးထားတယ်။ လုပ်မယ်ဆိုတဲ့ သဘောမျိုးပြောလိုက်တာပါ။'' ဟု ဓမ္မစေတီဦးကောလ္လက မော်နီတာဂျာနယ်သို့ ဆက်လက်မိန့်ကြားခဲ့သည်။
ဓမ္မစေတီဦးကောသလ္လသည် ပြီးခဲ့သည့် မေလတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းလေ့လာရေး
အဖြစ် ဘုန်းတော်ကြီးများ၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့သည်။ ထို့သို့ မြန်မာသံတော်ဆင့်ဂျာနယ်တွင် တရားမဟောတော့ဟု ရေးသားထားခြင်းနှင့် ပတ်သက်၍ ဆရာတော်၏ ပြည်ပမှ ဒကာ၊ ဒကာများက
တရားပွဲ ဖတ်ကြားခြင်းကြောင့် ဆရာတော်အား လျှောက်ထားရာ ဆရာတော်မှ ပြန်လည်ရှင်းပြခြင်းနှင့်
နေ့စဉ်ရှင်းပေးနေရကြောင်း၊ ဆရာတော်သည် ၀ါတွင်း (၃)လအတွင်း အရေိကားတွင်း သီတင်းသုံးနေထိုင်မည်ဖြစ်ကြောင်း၊ ၀ါတွင်း(၃)လကျော်လွန်ပါက ပင့်လျှောက်ထားသည့် တရားပွဲများကို ဟောကြားပေးမည် ဖြစ်ကြောင်း ဆက်လက်သိရသည်။
နောင်တော်ကြီး
မော်နီတာဂျာနယ်
မော်နီတာဂျာနယ်