ဓမ္မစေတီဆရာတော် ရဲ့ ခင်ပွန်းကြီး(၁၀)ပါးကဗျာ

ရေးသားတင်ပြပေးသောသူ= ဓမ္မစေတီ

မေမေချစ်သောသားသားနဲ့မီးမီးရေ..
မကြာခင်မှာနှစ်ဟောင်းကုန်လို့ နှစ်သစ်တစ်ခုကိုကူးပြောင်းရောက်ရှိ ပြန်ပေအုံးတော့မယ်….။ အတက်နေ့ ကို ရောက်ခဲ့ပါပြီနော်…။
နှစ်ဟောင်းကမသိနားမလည်လို့ ပြစ်မှားများမိတဲ့ ကာယကံ ဝစီကံ မနောကံတွေကို Computer ထဲက File ဟောင်းတွေရှင်းလင်းပြီးDelete လုပ်သလို ရှင်းပြစ်ရပါလိမ့်မယ်..။
မာန ဖိုင်…၊အာဃာတဖိုင်…….၊
နာကျည်းခဲ့သော....ခါးသည်းခဲ့သော ဖိုင်များ....၊
ရင်နာခဲ့ခြင်း၊အကြင်နာမဲ့ခြင်း...ဆိုတဲ့ ဖိုင်တွေကောပေါ့....
အညှိုးအတေးဖိုင်တွေ…အမုန်းဖိုင်တွေ….အကုန်ပါတယ်နော်..။

ALL DELETE IN MEMORY

ပြစ်မှားမိသူများကို တောင်းပန်ဝန်ချမှုနဲ့ အတူ ကိုယ့်ကို ပြစ်မှားသူများကိုလည်း နားလည်ခွင့်လွှတ်စိတ်နဲ့ အတူ Delete လုပ်ကြရပါလိမ့်မယ် ကလေးတို့ရေ…။

FORGIVE AND FORGETပေါ့နော်..။

ခင်ပွန်းကြီး၁၀ပါးကန်တော့ပွဲနဲ့ အတူသားသားနဲ့ မီးမီးတို့ကို အမှတ်တရဖြစ်စေမဲ့ စကားလက်ဆောင်ပါးရအောင် သည် တစ်ခါ သမိုင်းကြောင်းလေးကို ရေးဘို့ စဉ်းစားမိခဲ့ပါတယ်..။

သည် ခင်ပွန်းကြီး ၁၀ပါး ကန်တော့ပွဲ ကျင့်စဉ် သည် ဘုရားဟော တရားများကို မှတ်တမ်းတင် ထားတဲ့ ပိဋကတ်သုံးပုံတွင် မပါဝင်ပါ ကလေးတို့ရေ..။

ဝိသုဒ္ဓိမဂ် တွင် ပါဝင်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ကို သားတို့ကို ပြော ပြချင်ပါတယ်..။တစ်ခါ က ရဟန်းနှစ်ပါးဟာ အတူ ဆွမ်းခံထွက် ကြတာ…။အသက် ကြီးတဲ့ ရဟန်း ဟာ လေနာရောဂါရှိတော့ ဆွမ်းခံပြန်ရာ လမ်း တစ်နေရာရဲ့ လမ်းပေါ်မှာ ပဲ ယာဂုဆွမ်းကို မော့သောက် ဘုဉ်းပေးလိုက်ပါတယ်..။ဒါကို ရဟန်းငယ် ကစိတ်ထဲက တွေးမိသတဲ့..။

လမ်းမှာတောင် မအောင့်အီးနိုင်ပဲ သောက်တာဆိုတော့ (အသက်ကဖြင့်ကြီးလှပြီ…ကျောင်း ရောက်မှ သောက်တာ မဟုတ်..သည်လို ဘုန်းကြီးမျိုး ရှိလို့ တို့သာသနာ ရှက်စရာကောင်းတာ)လို့ စိတ်ထဲက ကဲ့ရဲ့ပါတယ်..။

သူ့ရဲ့ စိတ်အတွေးကို ယာဂုဘုဉ်းပေးတဲ့ ရဟန်း ကြီးကသိတော် မူတဲ့ အတွက်…နှုတ်က ဖွင့်မေးပါတယ်..ငါ့ရှင် သာသနာ မှာ ထောက်ရာ တည်ရာ ရခဲ့ပါပြီလားလို့မေးတဲ့ အခါ….ရဟန်းငယ်က သောတာပန်တည် ပြီးပါ ပြီ..လို့ ပြန် ဖြေပါတယ်..။

တရားဆက် အားမထုတ်နဲ့တော့လို့ ပြန်ပြော ပါတယ်.. အရိယာ ပုဂ္ဂိုလ်ကို ပြစ် မှားမိခဲ့တာ ဖြစ်သွားတာ ဆိုတာကို ရဟန်းငယ်က ချက် ချင်းသဘော ပေါက်ပါတယ်..။

ထိုရဟန်းသည် ရဟန္တာ ဖြစ်တယ် ဆိုတာ ချက်ချင်းသိသွားတော့ ချက်ချင်းတောင်းပန် ကန်တော့လိုက် တာ သူ့ရဲ့ အပြစ်ဟာချက်ချင်း ပြေပျောက် သွားခဲ့ရပါတယ်..။

ဝိသုဒ္ဓိမဂ်လာ သည် ဇာတ်လမ်းလေးကို အခြေခံ ပြီးတော့ မြန်မာ့ယဉ်ကျေးမှု နယ်ပယ် မှာ ထည့် သွင်း ပေါင်း စပ်ပြီး မာန်လည်ဆရာတော် ဘုရားတို့ တခြားသောဆရာသမားများက သည် လင်္ကာလေးကို ရေးသားခဲ့ပါတယ် ကလေးတို့ရေ..။

အရိယာဇာတ်၊ ပုဂ္ဂိုလ်မြတ်ကို၊
ပြောတတ်ပြစ်ဆို၊ အမျက်သို၍
မလိုရန်မျိုး၊ထိုသူမျိုးဝယ်၊
ဆယ် မျိုးပြစ် ဒဏ် ရမြဲမှန်ခဲ့ ..။
သွေးအံဖြစ်လွယ်၊ရောင်းဝယ်ရှုံးခြင်း၊
ချို့ယွင်းအင်္ဂါ၊ နူနာ ကုဌရှုးကြဖောက်ပြန်၊
မင်းဒဏ်သင့်ခန်း၊ကြမ်းတမ်းစွပ်စွဲ၊
သေကွဲသားချင်း ပျက်ခြင်းစည်းစိမ်၊
နေအိမ်မီးလောင်၊ဒုက္ခကောင်သည် ၊
လု့ဘောင် ဒိဌ ၊ တွေ့ ကြုံရ၍သေကမလွဲ၊
အပါယ်ငရဲဝယ် ကမ္ဘာစွဲ၏..။

ရောက်ဆဲလူ့ပြည် တက် ပြန်လည်သော်..။
ကျက်သရေမွဲ၊မဂ်ဖိုလ်လွဲသည်…
အမြဲကြမ္မာ ဝဋ်ကြောင်းပါသည်…ရှောင်ရန် ဓမ္မအန္တရာယ်တည်း။

(မဂ်တား၊ဖိုလ်တားပါဖြစ်တတ်ပါတယ်..။)
မေမေတို့ ပိုင်းလော့ဆရာတော်ဘုရား စာ အုပ် မှာကတော့ အလယ် အပိုဒ်ကို ဖေါ်ပြ ထား ပါတယ်..။
ဆရာတော်ဘုရားရဲ့ ကျောင်းကတရားစခန်းပွဲတွေမှာ…မဂ်ဉာဏ် ဖိုလ်ဉာဏ် လက် လှမ်းမှီဘို့ အတွက် တားမြစ်ပိတ်ဆို့ထားတဲ့ ပြစ်မှားကံတွေပြေပျောက်အောင် သစ္စာလေးပါးမဟောခင် ညနေမှာ အမြဲ စီစဉ် ကန်တော့စေတာ ဖြစ်ပါတယ်..။

သည်ကဗျာကို ဓမ္မစေတီဆရာတော်ဘုရားရဲ့ ဆရာ တော် ဦးဥက္ကံသဗုဒ္ဓိက လွန်ခဲ့ တဲ့ အနှစ်၇၀ကျော် ကတည်း ကရရှိ ထိမ်းသိမ်းထားပြီး ဆရာတော်ကို ပေးခဲ့ တာ ဖြစ်ပါတယ်..။မူရင်းကို ဓမ္မစေတီဆရာတော်ဘုရားက ထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်..။

အခုခေတ် တွင်တွင်ကျယ် ကျယ် ဖြစ်နေတာ ကတော့ ယခု နိုင်ငံတော် သံဃာ့ဝန်ဆောင်ဆရာတော် ဒုတိယဥက္ကဋ္ဌ ဖျာပုံတိုက် သစ်ဆရာတော် ဦးသြဘာသာဘိဝံသ ရေးသားတဲ့ သုတေသနရုပ်ပြ အဘိဓာန်မှာ ဖေါ်ပြခဲ့တာ ကို ကိုးကားကြတာ လို့ ဓမ္မစေတီဆရာတော် က ဆိုပါတယ် ကလေးတို့ရေ..။

အဲဒီဆရာတော်ဘုရားကိုးကားသော ဇာတ်ကလည်း တေမိဇာတ်ကိုမှီ ငြမ်းခဲ့တာ ဖြစ်ပါတယ်..။အဲဒီ တေမိဇာတ်မှာလည်း ခင်ပွန်းကြီး၁၀ပါးရယ် လို့ တိတိကျကျရေတွက်ပြမထားပါဘူး..။မိဘ နှစ်ပါးကို စိတ် ဆင်းရဲ စေမှု မပြုပါနဲ့လို့သာ ပါပါတယ်..တဲ့..။

လူတွေဟာ မစ္ဆရိယ စိတ်ရှိကြတဲ့ အတွက် သူတစ်ပါးကိုပြစ်မှားတတ်ပါတယ်..။
အဲဒီ မစ္ဆရိယ (မိမိစည်းစိမ်ကို လှို့ဝှက် ဝန်တိုခြင်း)ကြောင့်အရိယာတို့ကို စွပ်စွဲခြင်းဆိုတဲ့ အရိယူပဝါဒကံ ထိုက်တတ် လို့ ရှေးဆရာတော် ဘုရားကြီးများ က လောကနီတိ အဖြစ် ချန်ထားခဲ့တယ်လို့ပဲသတ်မှတ်ရမှာပါပဲ။

အခု သည် နည်းကို သင်ကြားဆုံးမပေးတဲ့ ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရားကြီး က တရား မဟောခင် မှာ ၆နှစ်လောက်လက်တွေ့စမ်းသပ် ပြီးမှ တောတွေမှာ စဟောတာ..အထောက် အထား များ စွာ မှတ်တမ်း တင် ပြီးသားတွေရှိနေပါတယ်..။

ဆရာသမားရဲ့ ဆုံးမ မှုကြောင့်အသက် ၅၀ကျော်မှာ မှမြို့ပေါ်တက်ခဲ့တယ်..နောက်တော့ရဟန္တာ ကြီးများရဲ့ အိမ်မက်ပေးချက်အရ..နိုင်ငံခြားတိုင်းပြည်တွေ ကို ပါ ဆရာတော် ရောက် ရှိဟော ကြားခဲ့လို့ မေမေတို့ ကံကောင်းစွာ ရရှိခဲ့တာ ဖြစ်ပါတယ် ကလေးတို့။

တကယ် လို့ ဓမ္မစေတီဆရာတော် က ကျမ်းကိုးကျမ်းကားနဲ့ထောက် ပြပြောဆိုခဲ့ရင်လည်း ပိုင်းလော့ဆရာတော် ဘုရားကြီးက လက်ခံမှာ ပါပဲ.. မာန်မာန မှ မရှိတော့တဲ့ အပြင် ကျေးဇူးတောင် တင် အုံးမှာ ပါပဲ..။ပြော ပြပြီး လောက်ပြီလို့ယူဆရပါတယ်..။

ပိုင်းလော့ဆရာတော်ဘုရားကြီးက ဓမ္မစေတီဆရာတော် ဘုရားရဲ့ ထက်မြက်မှု နဲ့ ပိဋကတ်စာပေ ကျွန်းကျင်မှုကို ချစ်ခင် မြတ်နိုးတာ ကို သူတို့ နှစ်ဦး မုံရွာကို တရားဟော တူတူ သွားခဲ့တာ ၊ရင်းနှီးခဲ့ကြတာ တရား တွေထဲ မှာမေမေ နာယူရဘူးပါတယ်..။

ဓမ္မစေတီဆရာတော် ကလည်း ရိုးသားတဲ့ စကားတစ်ခွန်းမိန့်ဘူးတယ်..သူဟောတဲ့ တရာေးတွက စာပေ ကျွမ်းကျင်တဲ့ ဒေသနာ ဉာဏ်နဲ့ပြောတတ်ဆိုတတ်တာဖြစ်တယ်..ပိုင်းလော့ဆရာတော်ဘုရားကတော့ ကိုယ်တိုင် ထိုးထွင်းသိတဲ့ ပရိဝေဒဉာဏ် နဲ့ ဟော တာလို့သူ့ရဲ့တရားတစ်ပုဒ်မှာ ဟောဘူးပါတယ်..။

ခြုံငုံပြီး ပြောရရင် ..မေမေ ကြိုက်တဲ့ အချက် ကတော့…အခိုင်အမာ ပြဆိုထားတဲ့ ဘုရားဟော တစ်ခုဖြစ်ပါတယ်...။ ဘဝသံသရာရှည် လွန်းလို့ မတော်ဘူးတဲ့ ဆွေမျိုး၊အမိ အဖ မရှိ..။

ထို့ကြောင့် လောက၌ ပြစ်မှား ခြင်းငှာ ထိုက်သောသူဆိုတာမရှိ လို့ ပိုင်းလော့ဆရာတော်ဘုရား ကပြဆို တာ ကို ပါ..။

အဲဒီ အသိလေးဝင်လာတော့…မေတ္တာ တွေပွားရတာ အလွန် လွယ်ကူလာ ပါတယ်..။တစ်ဦးနဲ့ တစ်ဦးဟာ မဆိုင်သလို ခြံစည်းရိုးခြားမနေတော့ပဲ တစ်လောကလုံးရှင်းလင်းတဲ့ အမြင်နဲ့..လုံခြုံနွေးထွေးလာပါတယ်..။

ကျေးဇူးမြင်ရင် မေတ္တာပေါ်သည်။ ကျေးဇူးပျောက်ရင် မာန ပေါ်သည်..။
မေတ္တာ ဖြစ်ပေါ်စေသော အနီးကပ်ဆုံးအကြောင်းရင်းသည် ကျေးဇူးကိုဖေါ်ပြပေးခြင်းဖြစ်သည်..။

မေတ္တာနဲ့ကျေးဇူးတရားကို ကျွမ်းကျင်သွားတော့ လောကီအောင်မြင်ရေးလှို့ဝှက် ချက် တံခါး တစ်ချပ်ပွင့် သွား တဲ့သဘောလို့ပဲမေမေခံယူပါတယ်..။မေမေပထမရေးခဲ့ဘူးသလို..

လက်ရှိအခြေအနေ+ ? =သုံးလို့ မကုန် လှူ လို့ မခမ်း ချမ်းသာ ကြွယ်ဝသော ဘ၀အခြေ နေ

ပထမမေး ခွန်းရဲ့ အဖြေက..သာ မာန် လူသား ဘ၀ကနေ ၃၂ပါး သော ယောင်္ကျား မြတ်တို့လက္ခဏာဖြင့် ပွင့်ထွန်းတော် မူသော ဘုရား အဖြစ်သို့ရောက်အောင် ဖြည့် ဆည်း ခဲ့တဲ့ ၁၀ပါးသော ပါရမီ ကို ဖြည့်ကျင့်ရမယ် တဲ့…မေမေက ဆရာတော် အရှင် ဆန္ဒာဓိကတရားတော် ထဲက နေ ဆရာတော် ကျက် ခဲ့ သလို မှတ်ရလွယ်အောင်..

ဒါန၊ သီလ၊ နိက္ခမ ၊ပညာ့ ၊၀ီရိ ယာ။
ခန္တီ ၊သစ္စ၊ ဓိဋ္ဌာန ၊မေတ္တ၊ ဥပေက္ခာ..။

လို့ ကျက် ထားပါ..။ဆရာတော် ဘုရားက.. ၁၀ပါးသောပါရမီ မို့ ခက် မယ် ထင် မှာ စိုးလို့ နည်းကောင်း ပေးတယ်..။ မေတ္တာ ပါရမီ က စကျင့်ရင် ၁၀ပါလုံး ဖြည့် ကျင့် ပြီးသား ဖြစ် သွား မယ်တဲ့.. စဉ်း စား ကြည့်လေ။

တဘက် သား ကို ပေးလှူ ဘို့ ဒါနပါရမီ စတင်တဲ့ အခါ ချစ် မှ.. မေတ္တာ ရှိ မှ ပေး လို့ ရတာ မဟုတ်လား။
မေတ္တာ ရဲ့ အရှိန် အဟုန် နဲ့.. အပင် ပန်းတွေ ခံ နိုင် တော့ ခန္တီ ပါရ မီ ဖြစ် သွားတယ်..။

အာရုံခံစားမှုများကို ကိုယ် ခံစား မယ် သုံးဆောင်မယ် ဆိုတဲ စိတ်ကို ချိုး နှိမ် နိုင်တော့ နိက္ခမ ပါရမီ ဖြစ် သွားတယ်..။မဖြစ် ဖြစ် အောင် လုပ် မယ် ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ဆိုတော့ အဓိဋ္ဌာန ပါရမီ တွေ..ဖြည့် ကျင့်ရာရောက် ပါတယ်..။ထမြောက်အောင်မြင်အောင်လုပ်တော့ ဝီရိယပါရမီ ဖြစ်သွားပါတယ်..။

ဉာဏ် နဲ့ ချဲ့ ထွင် စဉ်းစားကြည့်ပါနော်..ဒါဆို.. ပထမမေး ခွန်း ရဲ့ အဖြေ ရပါ ပြီကလေးရေ…။

နိဂုံးချုပ်ရရင်တော့ ပါရမီကျင့်စဉ် တစ်ခု အဖြစ်လည်းကောင်း၊ မိမိကိုယ် ကို နှိမ့်ချတောင်ပန် ခြင်း။ပူ ဇော်ထိုက်သူကို ပူဇော်တဲ့ မင်္ဂလာ တရားတော် နဲ့လည်းကိုက်ညီတဲ့ ကျင့်စဉ်လေး အဖြစ်နှစ်သစ် ကူးအချိန်ကာလ သမယမှာ တန်ဘိုးထားလုပ်ဆောင် ကြတာပေါ့ကလေးတို့ရေ..။

မေမေ ကတော့တရားတွေနာယူရတာရှင်လင်းလွယ်ကူလာတဲ့ အကျိုး ကျေးဇူးကိုရရှိခဲ့ပါတယ်..။

အပြစ်များမှရှင်းသန့်စင်ကြယ်သော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ…။
 
(ဓမ္မစေတီဆရာတော် ဦးကောသလ္လ ၏ သပိတ်မှောက်တရားကို နာယူရေးသားပါသည်..။)
 

ဓမ္မစေတီဆရာတော် ဘဒ္ဒန္တကောသလ္လ၏ MP3 တရားတော်များ(SING UP လုပ်မှ ဒေါင်းလော့ ရသည်)
ကြောက်ရွံ့ခြင်း ကင်းသည်ဆိုရာဝယ်(၁)(သန်လျင်မြို့၊ သာသနာ့ဗိမာန်၊ 27.1.2014) သားကိုးယောက် မိခင်(26.1.2014) ကြောက်ရွံ့ခြင်း ကင်းသည်ဆိုရာဝယ်(ဆိပ်ကြီးခနောင်ဒိုမြို့နယ်၊ ပန်းပင်ချောင်ရပ်ကွက်၊ 25.1.2014) ဆင်းရဲခြင်း လွတ်ကင်းအောင်(24.1.2014) အတွေ့ဦးပေမယ့် အသိမထူးခဲ့သူ(23.1.2014) ပုလဲရတနာပမာ မြတ်သံဃာ(22.1.2014) ဘ၀ဟောင်းကို ပြန်ပြောင်းလို့ မကြည့်ချင်(21.1.2014) မြတ်သောအမွေ ရခဲ့ပေပြီ(20.1.2014) သီလဟူသည်(19.1.2014) ကပ်ကြီးသုံးပါး ကုသိုလ်ပြုရခြင်း အကြောင်းတရား စူဠဝေဒလ္လသုတ်(၁) စူဠဝေဒလ္လသုတ်(၂) စူဠဝေဒလ္လသုတ်(၃) စူဠဝေဒလ္လသုတ်(၄) ဆွမ်းအနုမောဒနာ တရားနာတတ်ရအောင် ဓမ္မတာအမွေတောင်းပေမယ့် ရတနာအမွေ ပြောင်းပေးခဲ့သည် ပဋ္ဌာန်းတရားတော် ပဋိသမ္ဘိဒါသင်တန်း(၁) ပဋိသမ္ဘိဒါသင်တန်း(၂) ပဋိသမ္ဘိဒါသင်တန်း(၃) ပဗ္ဗဇိတဘာဝ ဒုလ္လဘ ပရိတ်တရားတော် ဗုဒ္ဓရှင်မြတ် ချီးမွမ်းအပ်သည့် ဆွမ်းနှစ်နပ်(၁) ဗုဒ္ဓရှင်မြတ် ချီးမွမ်းအပ်သည့် ဆွမ်းနှစ်နပ်(၂) မခမ်းနားပေမယ့် ဆန်းပြားတဲ့ ထေရီမ မဟာသမယသုတ္တန် မာရ်နတ်လည်ပင်းကို ဘယ်သူ ခွေးသေကောင်ပုပ်ဆွဲသလဲ မိထွေးတော် ဂေါတမီ ပရိနိဗ္ဗာန်ဝင်စံခန်း မြတ်စွာဘုရား ပြည်တော်ဝင်ခန်း မြန်မာထေရ၀ါဒ သမိုင်း ရှင်ပြုခြင်းဆိုင်ရာ နိဒါန်း ရှင်ပြုခြင်းဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် ရှင်ပြုအလှူတော် သရဏဂုံတရားတော် သုတ များစေ၊ တရား နာစေ(28.10.2013) အကျိုးကြီးလှ မြတ်ဒါန အဖော်မဲ့ ဟင်္သာ(၁) အဖော်မဲ့ ဟင်္သာ(၂) ဝေဒနာကို ခွါသည်ဆိုရာဝယ် ဝေသာလီ လှဧကရီ အမ္ဗပါလီ၏ ဘ၀ဆည်းဆာ ထေရ၀ါဒနှင့် ယနေ့ သိပ္ပံကမ္ဘာ ထေရ၀ါဒနှင့် မြန်မာပြည် ယနေ့ ထေရ၀ါဒ ထေရ၀ါဒမိတ်ဆက်နိဒါန်း(၁) ထေရ၀ါဒမိတ်ဆက်နိဒါန်း(၂) နောက်ဆုံး ၀န္ဒနာပါဘုရား(၁) နာက်ဆုံး ၀န္ဒနာပါဘုရား(၂) ရေစက်ချ အမျှဝေရခြင်း အကြောင်း ရွှေနန်းစံသို့ တရားတော်